Winners' Academy ကိုယ်ပိုင်အထက်တန်းကျောင်း
Get StartedTeachers
အထက်တန်းတွင် သင်ကြားပေးသောဆရာကြီး၊ဆရာမကြီးများ

မြန်မာစာ

အင်္ဂလိပ်စာ

သင်္ချာ

ဓာတုဗေဒ

ရူပဗေဒ

ဇီဝဗေဒ

ဘောဂဗေဒ
Activities
လှုပ်ရှားမှု ပုံရိပ်များ











About & Rules
စည်းကမ်းကျသောတည်ထောင်သူကိုယ်တိုင်အနီးကပ်စီမံအုပ်ချုပ်ပါသည်

ဘာသာရပ်တိုင်းတွင် ပညာရေးဝန်ကြီးဌာန ဆရာကြီး၊ဆရာမကြီးများသာ သင်ကြားပါသည်။(လက် ထောက်/လူစားမထိုးပါ)
Covid စည်းကမ်းနှင့်အညီ အခန်းတစ်ခန်းအတွက် ဉာဏ်ရည်အလိုက် တန်းခွဲ၍ တစ်ခန်းလျှင် (၁၅)ဦး ဖြင့်သာ သင်ကြားပါသည်။
ကျောင်းသင်ဘာသာရပ်နှင့် ထပ်ဆောင်းဘာသာရပ်အပြင် English 4 Skills ထည့်သွင်း သင်ကြားပါသည်။
STEM (Science, Technology, Engineering, Mathematics) တွင် ဆန်းသစ်တီထွင် အဖြေရှာ ခြင်းနှင့်ပန်းချီ၊ ဂီတအနုပညာ အတွက် တယောသင်တန်း ဖွင့်လှစ်သင်ကြားပါသည်။ ပြင်ပဗဟုသုတလေ့လာရေးနှင့် ကျောင်းလှုပ်ရှားမှုအစီအစဉ်များကို လည်း စီစဉ်ထားရှိပါသည်။
ကျောင်းတက်ချိန် - မနက် (၇း၃၀)နာရီမှ နေ့လည် (၁းဝဝ)နာရီ ဖြစ်ပါသည်။
စာကျက်ဝိုင်း - ကျောင်းဆင်းပါက အိမ်မပြန်ဘဲ စာကျက်ဝိုင်း ဆက်တက်နိုင်ပါသည်။
စာကျက်ဝိုင်းတွင် ဘာသာရပ် (၆)ခုအတွက် ကျွမ်းကျင်သော Study Guide ဆရာမ (၆)ဦးထားရှိပြီးပေးပါသည်။ စာကျက်ဝိုင်းတစ်ပိုင်းကို ကျောင်းသား/သူ (၁၅)ဦးအထိသာ ထားရှိပြီး နေ့လည် (၁:၃ဝ)နာရီမှ ညနေ (၄း၃၀) နာရီအထိဖြစ်ပါသည်။ ကျောင်းလခကို လစဉ်ပေးသွင်းရပါမည်။ Ferry စီစဉ်ပေးပါသည်။
ကျောင်းသား/သူများတာဝန်
ကျောင်းတွင်သေချာစွာ ရှင်းလင်းသင်ကြား/လေ့ကျင့်ပေးသောကြောင့် အခြားကျူရှင် ထပ်ယူရန်မလိုပါ။
ကျောင်းမှန်မှန်တက်ရမည်။ စာမှန်မှန် ကျက်မှတ်ဖြေဆိုရမည်။ ကျောင်းမှစစ်ဆေးသော စာမေးပွဲကို မပျက်မကွက် ဖြေဆိုရမည်။ ကျောင်းစည်းကမ်း၊ စာသင်ခန်းစည်းကမ်းကို လိုက်နာရမည်။
ထူးချွန်သော ကျောင်းသား/သူများအတွက်ထူးချွန်စွာ အောင်မြင်ပြီး၊ အောင်မြင်ရုံသာ ရည်မှန်းထားသော ကျောင်းသားများလည်း အောင်မြင်ရန် ကျောင်းသား/မိဘ/ဆရာ ပူးပေါင်းမှုရှိရမည်။ တက္ကသိုလ်ဝင်တန်း (၅)ဘာသာဂုဏ်ထူးရှင်များအား နိုင်ငံခြားသို့ စရိတ်ငြိမ်းလေ့လာရေးခရီး
ပို့ဆောင်ချီးမြှင့်ပါသည်။
ဆင်းရဲနွမ်းပါး၍ ထူးချွန်ပြီး ထောက်ပံ့မှုလိုအပ်သူများကို ရာနှုန်းပြည့် ပညာသင်ထောက်ပံ့ကြေးပေးပါသည်။
Winners' Academy